
Ethiopia အစိုးရက ၎င်းတို့သည် ပတ်ဝန်းကျင်နှင့် ညီညွတ်သောသယ်ယူပို့ဆောင်မှုကို ဖော်ဆောင်ရန်အတွက် ပြည်တွင်းတွင် လျှပ်စစ်မော်တော်ကား (EV) များ စတင်ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း သိရပါသည်။ Ethiopia သည် ပြည်တွင်း လိုအပ်ချက်များနှင့် ပြည်ပသို့ တင်ပို့ရန်အတွက် လျှပ်စစ်မော်တော်ကား (EV) များကို ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း Ethiopia နိုင်ငံ စက်မှု ဝန်ကြီး ဌာန၊ အကြံပေး Dugasa Dunfa ၏ အဆိုမှ တစ်ဆင့်သိရပါသည်။
Dunfa က Ethiopia နိုင်ငံ မြို့တော် Addis Ababaမြို့တွင် Shanghai Launch Automotive Technology Company နှင့်အတူ အရှေ့အာဖရိကန်နိုင်ငံ၌ EV ကားထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ရန်အတွက် တိုင်ပင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Dunfa က Ethiopia နိုင်ငံသည် Ev ကားများတွင်အသုံးပြုနိုင်မည့် သဘာဝ ဓာတ်ထုများ ပိုင်ဆိုင်သောကြောင့် Ethiopia နိုင်ငံတွင် လုပ်ငန်းများ စတင်ရန် EV ကား ထုတ်လုပ်သော BYD ကုမ္ပဏီ အပါအဝင် တရုတ်ကုမ္ပဏီများ ကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ Shanghai Launch Automotive Technology Company မှ ကိုယ်စားလှယ်များကလည်း စွမ်းအင်ပြန်လည်သုံးစွဲနိုင်သော ကဏ္ဍရှိ မော်တော်ယာဥ်များ အတွက် ဒီဇိုင်းဝန်ဆောင်မှုပေးခြင်းများ အပါအဝင် သုတေသနဌာနများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနများ တည်ဆောက်ခြင်းတို့ဖြင့် Ethiopia နိုင်ငံနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို ခိုင်မာလာစေရန် လုပ်ဆောင်နေကြောင်းပြောခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေးနှင့် စားသုံးကုန်စီမံခန့်ခွဲမှု ဝန်ကြီး ဌာန၏ သတင်းအချက်လက်များ အရ လက်ရှိတွင် နိုင်ငံတစ်ဝှမ်း၌ လျှပ်စစ်ကား အစီးရေ ၁၀၀၀၀၀ကျော်ခန့်သည် လမ်းပေါ်တွင် အသုံးပြုနေကြောင်းနှင့် အစိုးရသည် နောင် ၁၀စုနှစ် အတွင်းတွင် ကားအစီးရေပေါင်း ၅၀၀၀၀၀ ခန့်တိုးမြင့်အသုံးပြုလာနိုင်ရန် ရည်ရွယ်ပြီး ဓာတ်ဆီအသုံးပြု၏ ၉၅ ရာခိုင်နှုန်းကို လျှပ်စစ်ကား များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Addis Ababa မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် လျှပ်စစ်သယ်ယူပို့ဆောင်ရေးကို ဖော်ဆောင်ရန်အတွက် လျှပ်စစ်ဘတ်စ်ကား အစီးရေ ၁၀၀စီးခန့် စတင်မိတ်ဆက်ခဲ့ကြောင်း ကိုလည်း သိရပါသည်။
Xinhua
DOCA(ရန်ကုန်)