မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည်(၂၃.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီက မြောင်းမြမြို့နယ် ထောင်ရောင်နေလမ်းရှိ ခရိုင်အသေးစားအလတ်စားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ တက်ရောက်လာကြသောသင်တန်းသူ/သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံး သူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ် ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအ မှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချထုတ်လုပ်နေသော ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စားသုံးသူ ကာကွယ်ရေးဥပဒေများအား တက်ရောက်လာကြသော သင်တန်းသူ/သားများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရိပါသည်။

DOCA(ဧရာဝတီ)