ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူးဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး) (စားသုံးသူရေးရာဦးစီးဌာန)ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများဖြင့် (၂၃.၆.၂၀၂၂)ရက်နေ့ နံနက် (၁၁:၃၀)နာရီက မြောင်းမြမြို့အတွင်း တရားမဝင် မော်တော်ဆိုင်ကယ်နှင့် တရားမဝင်တင်သွင်းသော ဓါတ်မြေဩဇာများရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ များမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ မော်တော်ဆိုင်ကယ်ရောင်းချနေသော ဆိုင်များ၊ တရားမဝင် တင်သွင်းရောင်းချနေသော ဓါတ်မြေဩဇာများရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည်၊ ရောင်းချနေသောဆိုင်ပိုင်ရှင်များအား ဤကဲ့သို့စစ်ဆေးရခြင်း၏ရည်ရွယ်ချက်များအား အဖွဲ့အနေဖြင့် အတွင်း ရေးမှူးမှရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စစ်ဆေးမှုကို အပတ်စဉ်၊ လစဉ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဓါတ်မြေဩဇာများ၊ ဈေးကွက်အတွင်းရောင်းချနေမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ စစ်ဆေးဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)