ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့မှ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများလာရောက် ရောင်းချနေမှုအခြေအနေအား ကွင်းဆင်း

Powered by Drupal

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ရုံးမှ မြို့နယ်တာဝန်ခံသည် ၄.၄.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ စားအုန်းဆီကိုယ်စား လှယ်များထံသို့ ရန်ကုန်မြို့ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့မှ မော်တော်ယာဉ်များဖြင့် စားအုန်းဆီ (၃၇) ပေပါရောက်ရှိကြောင်း သိရပြီး အဆိုပါစားအုန်းဆီ များကို ဘီးလင်းမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်း ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လက်လီ ကိုယ်စားလှယ်များမှ သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ဆောင်စရိတ်၊ ၂% အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီဆိုင်ခွဲများသို့ ခွဲဝေရောင်းချပြီး ၎င်းဆိုင်များအနေဖြင့် စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချနေမှုကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်နှင့် သတ်မှတ်ခွဲတမ်းများ အား  ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)