မြိတ်မြို့ပေါ်ရှိဆေးဆိုင်များသို့ကွင်းဆင်း

Powered by Drupal

၂၀၂၅ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲတို့သည်  မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးပြတ်လပ်မှုအခြေအနေနှင့် ဆေးစျေးနှုန်းတည်ငြိမ် မှုရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် သက်တမ်းလွန်ဆေးဝါးများ မရောင်းချရန်၊ ဆေးစျေးနှုန်းအခြေအနေနှင့် ဆေးဝါးပြတ်လပ်နေမှု အခြေအနေများအား မေးမြန်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)