
(၈.၅.၂၀၂၅)ရက်နေ့ ညနေ(၁၅:၂0)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံနှင့်ဆန်စက်များသို့ ဆန်များသိုလှောင် ထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဉီးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဉီးသိန်းလွင်၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူး ဉီးနောင်နောင်လတ်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူးဒေါ်နီလာဉီး၊ သောင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ်မင်းမင်း၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဒုဉီးစီးမှူး ဉီးသက်ပိုင်စိုး၊ အလယ်ရွာ အုပ်ချုပ်ရေးမှူး၊ ဉီးဇင်ဝင်းအောင်နှင့် ဆန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်ဉီးတင်ရွှေတို့ ပူးပေါင်းပါဝင်လျက် အလယ်ရွာကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံ(၈)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆန်သိုလှောင်များသည် ဆန်ကြမ်းများကိုသာ နဝလီကြိတ်ခွဲကြပြီး ပြည်ပသို့ သင်္ဘောဖြင့် တင်ပို့ခြင်းလုပ်ငန်းများ လုပ်ဆောင်၍ ဆန်များ ကိုလည်း သိုလှောင်ထားခြင်းများ မရှိပါကြောင်း၊ (MyRo)တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါ ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဉီးထွန်းထွန်းလင်းမှ ဆန်များကို သိုလှောင်မထားရန် သိုလှောင်ထားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)