ဘားအံမြို့၊အမှတ်(၃)ရပ်ကွက်၊အခြေခံမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦး/ရှိ)နှင့် ဝန်ထမ်းများသည် ၂၄-၆-၂၀၂၂ရက်(သောကြာနေ့) နေ့လယ် (၁၀:၀၀) နာရီအချိန်  ဘားအံမြို့ရှိ အမှတ်(၃) ရပ်ကွက်၊ အ-မ-က(၅)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆိုးဆေးနှင့် ပတ်သက်၍ တားမြစ်ဆိုးဆေးနှင့်သုံးစွဲရန်မသင့်သည့် အစားသောက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးက နာနတ်သီးစားသုံးခြင်း၏ အကျိုးကျေးဇူး သိကောင်းစရာကိုလည်းကောင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက စားသုံးသူအခွင့်ရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမူရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသူ/ကျောင်းသားများနှင့်ကျောင်းသားမိဘများမှ သိရှိလိုသည်များကိုမေးမြန်စေပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပါသည်။

            ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး၊ဆရာ/ဆရာမများ၊မိတ်ဖိက်ဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသူကျောင်းသားများနှင့်ကျောင်းသားမိဘများ စုစုပေါင်းဦးရေ (၁၄၈)ဦး တို့တက် ရောက်ခဲ့ပြီး တက်ရောက်လာသူများအား  လက်ကမ်းစာစောင်နှင့်Leafletsများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (ကရင်)