
(၉.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ မြန်မာရွှေနဂါးနိုင်ငံ တကာကုန်တိုက် ကုမ္ပဏီလီမိတက် အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(33/အေ)၊ အောင်ချမ်းသာလမ်း၊ ၃/၁ တိုးချဲ့ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုအား ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံ တင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ၊ ပြည့်စုံ မှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)