
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မေလ(၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆေးမျိုးစုံရောင်းချသော ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်း မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အတွင်းရှိ ဆေးမျိုးစုံရောင်းချသော စွယ်တော်၊ ဂျုလိုင်၊ ရောင်နီဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော လူသုံးများ၍ မဖြစ်မနေ သုံးစွဲနေသော ဆီးချိုဆေး၊ နှလုံးရောဂါဆေး၊ သွေးတိုးကျဆေး၊ အာရုံကြောဆေး၊ အစာအိမ်ရောဂါဆေး၊ အကိုက်အခဲပျောက်ဆေးများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု မရှိစေရေး၊ FDAထောက်ခံချက်ရှိပြီး မှတ်ပုံတင်ထားသော ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်များ ရရှိထားသော ဆေးကုမ္ပဏီများမှ ဆေးဝါးများ ဝယ်ယူရောင်း ချကြရန်၊ ဆေးဝါးတုများ မဖြစ်စေရေး လေ့လာစစ်ဆေးပြီးမှသာ မိမိတို့ဆေးဆိုင်များတွင် ဖြန့်ဖြူး ရောင်းချကြရန်နှင့် ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)