
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသော ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဘိလပ်မြေများ အားဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေးတို့အတွက် ဌာနဆိုင်ရာ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့် မေလ(၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ရဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ ဝန်ခံ ဒေါ်ကျော့ကေခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အိမ်ဆောက်ပစ္စည်းဆိုင်များရှိ အိမ်ဆောက်ပစ္စည်းများ၏ ဈေးနှုန်းများ ကောက်ခံခြင်း၊ ဘိလပ်မြေဝင်ရောက်မှု အခြေအနေနှင့် လက်ကျန်ရှိမှုများအား ကောက်ခံ၍ ဈေးနှုန်းများမြှင့်တင် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)