“ တွံတေးမြို့နယ် ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များအား ဘိလပ်မြေ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ အခြေ အနေအား မေလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

    ထိုသို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ တွံတေးမြို့မ ရဲစခန်းမှူး အောင်မျိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ  ဦးဉာဏ် လင်းထက်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တွံတေးမြို့နယ် ကန်ဘဲ့ကျေးရွာရှိ သစ္စာအိမ်  အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိ၊ ဝယ်ယူရရှိမှု အခြေအနေနှင့်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအပြင် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်းရှိ/မရှိအခြေအနေတို့အား လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မေးမြန်း စစ်ဆေးခဲ့ပြီး၊ ဘိလပ်မြေများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက် အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)