စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ် ဇွန်လ (၂၃)ရက်နေ့နံနက် (၁၀:၃၀)နာရီ အချိန်တွင်အမှတ်(၈) ဗိုလ်တေဇလမ်း(၅)ရပ်ကွက်ရှိ ဆန်စက်အသင်းရုံး၌ ဆန်စက်လုပ် ငန်းရှင်(၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ဥပဒေတွင်ပါရှိသောအခန်း(၉)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း၊ အခန်း(၂၃)ပါတားမြစ် ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ ဈေးကွက်ရောက်ပြီး ကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အခန်း (၁၈) ပါကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာထည့်သွင်းဖော်ပြချက်တို့ကို သိရှိစေရေးတို့အတွက် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည့်များမေးမြန်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)