မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းနှင့် တွေ့ဆုံ

Powered by Drupal

           ဧရာဝတီတိုင်းဒသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ် ၊  ဇွန်လ ၊ ၂၁ ရက်‌နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၀:၀၀) နာရီချိန်ထိ အမှတ်(၂)ရပ်ကွက်၊ (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်(၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစိုးမြင့်က မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်း ကို(၃၁.၃.၂၀၁၉)ရက်နေ့တွင် အသင်းဝင်(၉)ဦးဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း ၊ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းမှ မော်တော်ယာဉ်များအား စနစ်တကျပြေးဆွဲရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ၊လက်ရှိအသင်းအနေဖြင့် ခရီးသည်နှင့် ကုန်စည်များကို သယ်ဆောင်ရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခြေအနေများအား ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ မိသားစုများအား စားဝတ်နေရေးနှင့် မော်တော်ယာဉ်များအား ပြန်လည်ပြင်ဆင်မွမ်းမံရန်အတွက် လိုအပ်လျက်ရှိသော ငွေကြေးများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးမည်ဆိုပါက လိုချင်ပါကြောင်းနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)