မြန်အောင်မြို့နယ် PSK သောက်ရေသန့်စက်ရုံအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆.၄.၂၀၂၅)ရက် နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မြသီတာလမ်းရှိ  PSK သောက်ရေ သန့် စက်ရုံသို့ ဈေးကွက်မရောက်မီ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှု အခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင်ထုတ်လုပ်သွားရန်၊ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)