သစ်သီးကဏ္ဍကိုအာရုံစိုက်ထားသည့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန

Powered by Drupal

    ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနသည် သစ်သီးဈေးနှုန်းများကျဆင်းမှုကို ဖြေရှင်းလျက်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ သစ်သီးထုတ်ကုန် တန်ချိန် ၉၅၀၀၀၀ ရောင်းချနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရပါသည်။ ထိုင်းစီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က  သစ်သီးထုတ်ကုန် တန်ချိန် ၉၅၀၀၀၀ ဖြန့်ဖြူးနိုင်ရန်အတွက် ဝန်ကြီးဌာနသည် ထုတ်လုပ်ခြင်း၊ ဈေးကွက်တင်ရောင်းချခြင်း၊ တင်ပို့ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေးတို့ကို လွှမ်းခြုံထားသည့် စီမံချက်များ အကောင်အထည်ဖော်ရန် အခြားအဖွဲ့အစည်းများနှင့် လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန(DIT)သည်လည်း ကောက်ရိတ်သိမ်းရာသီအစ၌စိုက်ပျိုးရေး သမားများအတွက် ဖြန့်ဖြူးရေးလမ်းကြောင်းများ တိုးမြှင့်ရန် ထိပ်တန်းလက်လီစတိုးဆိုင်များ နှင့် ပူးပေါင်း၍ သစ်သီးအရောင်းမြှင့်တင်ရေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုတွင် ပါဝင်မည့် အဓိကလက်လီဆိုင်များတွင်  Siam Paragon၊ Central၊ The Mall နှင့် CP Axtra တို့ပါဝင်ကြောင်း သိရပါသည်။ DIT သည် အဓိကစိုက်ပျိုးရေးအသင်းများ၊ ဓာတ်မြေဩဇာထုတ်လုပ်သူများနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့နှင့် မိတ်ဖက်ဖွဲ့၍ Affordable Fertiliser Programme 2025 ကိုမိတ်ဆက်သွားမည်ဟု သိရပါသည်။ ထိုပရိဂရမ်မှာ အရည်အသွေးမြင့် မြေဩဇာများကို ဒစ်စကောင့်ချပေးခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးရေးသမားများသည် ဒစ်စကောင့်ချထားပေးသော မြေဩဇာများကို စက်တင်ဘာလ ၃၀ ရက်နေ့ထိ ဝယ်ယူနိုင်မည်ဟု သိရပါသည်။ Mr Pichai ကဝန်ကြီးဌာနသည် ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနှင့် အာဆီယံ-ကနေဒါသဘောတူညီချက်စသည်တို့နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) အတွက် ညှိနှိုင်းဆွေးနွေးမှုများကို ယခုနှစ်ကုန်ပါက အပြီးသတ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရပါသည်။ ပြီးမြောက်ပါက ထို FTA များသည် ထိုင်းနိုင်ငံအား နိုင်ငံပေါင်း ၅၀ ကျော်နှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်သစ်များရှာဖွေနိုင်ရန် ကြီးမားသောအခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးဌာနသည် ပြည်ပရှိထိုင်းစား‌သောက်ဆိုင်များအား Thai Select အသိအမှတ်ပြုလက်မှတ်များ ပိုမိုပေးအပ်ရန်ရည်ရွယ်ထားပြီး ထိုဆိုင်များက ထိုင်းနိုင်ငံမှ အရင်းအမြစ်များအား ပိုမိုဝယ်ယူကာ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အရှိန်မြှင့်တင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

Reference; Bangkok Post 

DOCA(ရန်ကုန်)