အင်ဒိုနီးရှားတွင် EV အားသွင်းရုံများတည်ဆောက်ရန်အတွင် မိတ်ဖက်များနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန် MoU လက်မှတ်ရေးထိုးခဲ့သည့် V-Green

Powered by Drupal

       ဗီယက်နမ်နိုင်ငံ Vingroup ၏ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ် (EV) အားသွင်းရုံတည်ဆောက်သည့်လုပ်ငန်းခဲ့ဖြစ်သည့် V-Green သည် ၂၀၂၅ ခုနှစ်ကုန်တွင် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း VinFast EV အားသွင်းရုံ ၆၃၀၀၀ တည်‌ဆောက်ရန်အတွက် ဗျူဟာ မြောက်မိတ်ဖက် ၄ ခုနှင့် နားလည်မှုသဝဏ်လွှာ(MoU) ကို မေလ ၉ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်အောက်တွင် V-Green သည် Chargecore၊ Chargepoint၊ Amarta Group နှင့် CVS တို့နှင့် ပူးပေါင်း၍ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ကျော်သော် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို အကောင်အထည် ဖော်မည်ဟု သိရပါသည်။ ၎င်းသည် အရှေ့တောင်အာရှတွင် EV ဂေဟစနစ်တိုးချဲ့ရန်နှင့် အစိမ်းရောင်သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန် VinFast ၏ အားထုတ်မှုများတွင် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ အားသွင်းရုံများ တည်ဆောက်မှုများကို ၂၀၂၅ ခုနှစ် မေလတွင်စတင်ရန်ရည်မှန်းထားပြီး ပထမဆုံးရုံများကို ၂၀၂၅ ခုနှစ် ဇွန်လတွင် စတင်လည်ပတ်နိုင်ရန်မျှော်မှန်းထားကြောင်း သိရပါသည်။ အားသွင်း ရုံများ၏ ၂၀ ရာခိုင်နှုန်းပတ်လည်ကို V-Green ကရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကျန်ရှိသည့်ရုံများကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်များအောက်တွင် အကောင်အထည်ဖော်မည်ဟု သိရပါသည်။ V-Green သည် ဗီယက်နမ်နိုင်ငံတစ်ဝှမ်း အားသွင်းရုံ ၁၅၀၀၀၀ တည်ထောင်ခဲ့ ပြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ်ကုန်တွင် အားသွင်းရုံ ၅၀၀၀၀ မှ ၆၃၀၀၀ ထို တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

Reference; Vietnam Plus  

DOCA(ရန်ကုန်)