
ဧပြီလက ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန(MoAE) နှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေအထွေအုပ်ချုပ်ရေး(GACC) တို့ကြား တင်သွင်းမည့် ထုတ်ကုန်အတွက် ကွာရန်တင်း၊ စစ်ဆေးခြင်းနှင့် တိရိစ္ဆာန်ကျန်းမာရေးနှင့်သန့်ရှင်းရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးရန် သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဗီယက်နမ် ငှက်သိုက်ကုန်ကြမ်းများသည် တရုတ်ဈေးကွက်သို့ သီးသန့်ထုတ်ကုန်အနေဖြင့် ဝင်ရောက်ရန် အခွင့်အလမ်းများကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါသည်။ ဟနွိုင်းမြို့တွင် မေလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ကွန်းဖရန့်တွင် ဗီယက်နမ်မှတရုတ်သို့ သွင်းကုန်စစ်ဆေးမှုအောက်တွင် ပါဝင်သည့် ထုတ်ကုန်များတွင် ငှက်သိုက်ကုန်ကြမ်းနှင့် သန့်စင်သောငှက်သိုက်တို့ပါဝင် ကြောင်း သိရပါသည်။ အခမ်းအနားတွင် မွေးမြူရေးထုတ်ကုန်ထုတ်လုပ်ခြင်းနှင့် တိရိစ္ဆာန် ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး Duong Tat Thang က ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန( ယခု ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန)နှင့် GACC တို့သည် ဗီယက်နမ်ငှက်သိုက်နှင့် ငှက်သိုက်ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်ရန်အတွက် သဘောတူစာချုပ်မချုပ်မီ ညှိနှိုင်းချက်မှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါ သည်။ လွန်ခဲ့သည့်လေးနှစ်ကျော်အတွင်း ဗီယက်နမ်လုပ်ငန်း ၁၃ ခုသည် ငှက်သိုက်ထုတ်ကုန် များ တင်ပို့ရန်ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရပါသည်။ နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄ သန်း ကျော်တန်ဖိုးရှိသော ငှက်သိုက်ထုတ်ကုန် ၄ တန်ကျော်ကို တရုတ်သို့တရားဝင်တင်ပို့ခဲ့ ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် ငှက်သိုက်တန်ချိန် ၂၇၀ ထုတ်လုပ်ခဲ့ ပြီး ၂၀၂၃ ခုနှစ်ကထက် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင်တစ်နှစ်လျှင် တန်ချိန် ၃၅၀ မှ ၄၀၀ ကြားထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
Reference; Vietnam Plus
DOCA(ရန်ကုန်)