၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် နိုင်ငံခြားခရီးသွား ၁.၈၃ သန်း လာရောက်လည်ပတ်ခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

     ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံခြား ခရီးသွား ၁.၈၃ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်က ၁.၅၈ သန်းထက်မြင့်တက် ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခရီးသွားဝန်ကြီးဌာနက မေလ ၉ ရက်နေ့က ပြောကြားခဲ့ပါ သည်။ ထိုကာလအတွင်း ထိုင်းနိုင်ငံကခရီးသွား ၅၀၁၆၆၆ ဦးဖြင့် လည်ပတ်မှုတွင် ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် ဗီယက်နမ်က ၃၀၄၆၃၄ ဦးနှင့် တရုတ်နိုင်ငံက ၂၈၆၁၅၆ ဦးဖြင့် ရပ်တည်နေကာ ယခင်နှစ်တူညီသည့်ကာလထက် ၁၉.၅ ရာခိုင်နှုန်း၊ ၁.၈ ရာခိုင်နှုန်းနှင့် ၅၀.၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ နိုင်ငံခြားခရီးသွား ၄၂.၉ ရာခိုင်နှုန်းမှာ လေကြောင်းခရီး၊ ၅၅.၃ ရာခိုင်နှုန်းမှာ ကုန်းလမ်းခရီးနှင့် ၁.၈ ရာခိုင်နှုန်း မှာ ရေကြောင်းခရီးဖြင့် လာရောက်ခဲ့ကြကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာမြေကဏ္ဍအပြင် ကမ္ဘောဒီးယား၏ စီးပွားရေးကိုပံ့ပိုးပေးသည့် ဒေါက်တိုင်လေးခုထဲမှတစ်ခုဖြစ်ကြောင်း သိရပါသည်။

Reference; Khmer Times  

DOCA(ရန်ကုန်)