ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်စေရေး သက်ဆိုင်ရာဌာနများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်  မြို့နယ် အထွေထွေအူပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ၊ တို့သည်  ပန်းတနော်မြို့နယ် ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန် နှင့် လူသုံးကုန်များ ဈေးနှုန်း တည်ငြိမ်ရေး အတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင် ရွက်ခဲ့ ကြောင်း  သိရပါတယ်။

ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ဈေး၊ ဈေးတန်းနှင့် ရပ်ကွက်အတွင်း အခြေခံစားသောက်ကုန်အရောင်းဆိုင်(၁၅) ဆိုင်သို့ သွားရောက်၍ ကုန်ဈေးနှုန်းအခြေအနေများ ကြည်ရှု မေးမြန်း စစ်ဆေးခဲ့ကြပြီး အများပြည်သူ နေ့စဉ်စားသုံးနေရသည့် အခြေခံစားသောက် ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် ဆေးပစ္စည်း များကို ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ် လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် လက်လီ/လက်ကား ရောင်းချသူများ၊  စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများ အားလုံး မိမိတို့၏ လုပ်ငန်းတစ်ခုချင်းစီအလိုက် စည်းကမ်း စနစ် တကျဖြင့် ရောင်းချကြပြီး သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီး အခြေခံစားသောက်ကုန်များကို သင်တင့်မျှတသော ဈေးနှုန်းဖြင့် အများပြည်သူများ ဝယ်ယူနိုင်ရေးကို အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)