ဓနုဖြူမြို့နယ်တွင် စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူနိုင်ရေး အတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့်  အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဓနုဖြူမြို့နယ် မြို့မဈေး၊ စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် ရပက်ွက်အတွင်း ရောင်းချနေသော လက်လီ/ လက်ကားအရောင်းဆိုင်များအား  ၇-၄-၂၀၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ဈေးများနှင့် နေ့စဉ် ရောင်းချနေမှုဈေးနှုန်းများ  ဈေးတင်ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊   စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစာသောက်ကုန်များ ဈေးနှုန်းများ ဈေးမြှင့်တင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင် ရွက်လျက်ရှိသည်။  ဈေးနှုန်းများကို လိုအပ်သည်ထက် ဈေးနှုန်ုးပိုမိုမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြ ရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူရမည်ဖြစ်သောကြောင်း မြို့နယ်အတွင်း လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် မှန်ကန်စွာဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)