ဘီးလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာမှ ရှင်ဥပဂုတ္တကန်တော်တွင်း ရေဖြည့်သွင်းကုသိုလ် ယူဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် ရှင်ဥပဂုတ္တကန်တော်တွင်း ရေဖြည့်သွင်းကုသိုလ်ယူဆောင်ရွက်ခြင်း၊ ရတနာ့သုတ်တော်နှင့် ဓါရဏသုတ်ရွတ်ဖတ် ပူဇော်ခြင်းကို ၁၁.၅ ၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကန်သာယာရပ်ကွက်ရှိ ရင်ဥပဂုတ္တကန်၌ ပြုလုပ်ခဲ့သည်။

     ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်မိသားစုများက ရှင်ဥပဂုတ္တကျောင်းဆောင်အတွင်း ရတနာ့သုတ်တော်နှင့်ဓါရနပရိတ်တရားတော်များကိုရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ခဲ့သည်။ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ရေးဘေး၊ မီးဘေး၊ သဘာဝဘေးအမျိုးမျိုး အန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ရေယာဥ် (၁၁) စီးဖြင့် ရှင်ဥပဂုတ္တကန်တော်အတွင်းသို့ ကုသိုလ်ပြုရေဖြည့်သွင်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)