
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင်၊ ပုသိမ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဘိလပ်မြေလက်ကျန် ကျန်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဘိလပ်မြေတစ်အိတ်လျှင် (၂၈၀၀၀) ကျပ်မှ (၃၅၀၀၀) ကျပ်ထိ ပေါက်ဈေးရှိနေပြီး၊ အမှန်တကယ်ဆောက်လုပ်ရေး လုပ်ဆောင် နေသူများသာ ရောင်းချပြီး၊ တစ်ဆင့်ပြန်လည်ဝယ်ယူပြီး လက်လီရောင်းချသူများအား မရောင်းချ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)