မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၂.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူ​ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊​မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ စည်ပင်သာယာဈေးများတွင် ရောင်းချနေသော စားအုန်းဆီ လက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှို/မရှိ တို့ကို ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)