မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ဗန်း(စကော)လုပ်ငန်းလုပ်ကိုင်သူနှင့်တွေ့ဆုံ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် မြဦးလှည့်အုပ်စု၊ ဆိုင်သောက်ကျေးရွာတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်သော ဗန်း(စကော)လုပ်ကိုင်လျှက်ရှိသော တောင်သူများနှင့် (၂၀-၆-၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။

          မလှိုင်မြို့နယ် ဆိုင်သောက်ကျေးရွာသည် အိမ်ထောင်စု(၄၅)ခုတည်ရှိပြီး တောင်သူလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျှက်ရှိရာ နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံ၊ ကြက်သွန်နီ သီးနှံများကို စိုက်ပျိုးလျှက်ရှိပြီး အခြားဝင်ငွေအဖြစ် မိရိုးဖလာလက်မှုလုပ်ငန်းဖြစ်သော ဗန်း၊ စကော ၊ ဇကာ ပြုလုပ်ခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ဗန်း၊ စကော၊ ဇကာ ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဝါး၊ ကြိမ်တို့ကို အသုံးပြုရကြောင်း၊ ဝါးကို နှီးဖြာ၍ အခင်းယက်လုပ်ရကြောင်း၊ ဝါးခြမ်းကို ဂွေခွေကာ ကြိမ်နှင့်နှုတ်ခမ်းကွပ်ခါယက်လုပ်ရကြောင်း၊ ဝါး (၁)လုံးလျှင် ဗန်း(၅)ချက်၊ ဝါးတစ်လုံးကို(၁၀၀၀)ကျပ်၊ နှုတ်ခမ်းတစ်ရန် ကြိမ်ဖိုး(၁၀၀၀)ကျပ်၊ လျှော်ကွပ်ရန် ထန်းလျှော်(၂၀၀)ကျပ်၊ ဗန်း(၅)ချပ်ကုန်ကျငွေ (၂၂၀၀)ကျပ် ကုန်ကျပြီး၊ ဗန်း(၁)ချပ်ရောင်းစျေး လက်လီ (၁၈၀၀ မှ ၂၀၀၀)ကျပ်၊ လက်ကား(၁၅၀၀)ကျပ်၊ (၁)ဦးလျှင် (၁)နေ့ ဗန်း(၅)ချက် ပြီးစီးအောင် ယက်လုပ်နိုင်၍ တနေ့လျှင် (၅၀၀၀)ကျပ်ဝန်းကျင်ကျန်ရှိ၍ တောင်သူလုပ်ငန်းနားချိန်တွင် အပိုဝင်ငွေအဖြစ်လည်းကောင်း၊ မိရိုးဖလာလုပ်ငန်းအဖြစ်လည်းကောင်း ယက်လုပ်ကြောင်း၊ ထွက်ရှိလာသည့်ကုန်ချောကို မလှိုင်မြို့ပေါ် အရောင်းဆိုင်များသို့ ‌ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)