မြန်အောင်မြို့နယ် ဆန်စပါးကုန်သည်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင်မြန်အောင်မြို့နယ်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆန်စပါး ကုန်သည်အသင်း ဥက္ကဌ ဦးအောင်ဇော်လတ်နှင့်တွေ့ဆုံ၍  ဆန်စပါးကုန်သည်များအသင်းမှ လက်ရှိ လှုပ်ရှား ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးခဲ့ရာတွင် ဥက္ကဌ ဦးအောင်ဇော်လတ်က လက်ရှိတွင်ကော်မတီအဖွဲ့ဝင်(၁၃) ဦး ရှိပြီး၊ အသင်းအနေဖြင့် ဆန်စပါးအရည်အသွေးကောင်းမွန်ရေး၊ဈေးနှုန်းတည်ငြိမ်ရေး၊ သယ်ယူပို့ ဆောင်မှုများ လွယ်ကူချောမွေ့စေရေးထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်မှ သတ်မှတ် ထားသော ဆန်စပါးရည်ညွှန်းဈေးများအတိုင်း ဈေးကွက်အတွင်းရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှလည်း ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အသင်းဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း  ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)