ဇလွန်မြို့နယ်အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့၊ နံနက်  (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့မဈေးတာဝန်ခံရုံး၌  စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားမှုသော ကုန်စည်များ၊ ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြ ချက်၊ ကြိုတင်သတိပေးချက်များဖော်ပြထားသော ကုန်စည်များ၊ သက်ဆိုင်ရာအစိုးရဌာနများက သတ်မှတ်ထားသောအချက်အလက်များ၊ ‌ထောက်ခံချက်များပါရှိသော ကုန်စည်များကိုသာ ရောင်းချ စေရေး၊ Online စနစ်ဖြင့်ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်၊ အဝတ်အထည် အ‌ရောင်းဆိုင် များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး၊  မှတ်ပုံတင်လက်မှတ်လျှောက် ထားမှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)