
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် အင်္ဂပူမြို့၊ ရွှေယင်းမာလမ်း၊ အမှတ်(၂)ရပ်ကွက်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံတွင် လုပ်ငန်းရှင် ဦးလှိုင်ဌေးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း တာဝန်များအကြောင်း၊ ဈေးကွက်စီးပွား ရေးစနစ်တွင် ကုန်စည်၏အရည်အသွေးအပြင် ရောင်းသူဝယ်သူ ယုံကြည်မှု တည်ဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊ အရည်အသွေး၊ အရေအတွက်အပြင် ငွေပေးချေမှု ကတိကဝတ်များ မှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ ကုန်စည်အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)