ဓနုဖြူမြို့နယ်အတွင်း ဘိလပ်မြေဈေးနှူန်းဈေးကွက်နှင့် လက်ကျန်စာရင်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ  ဓနုဖြူမြို့နယ်တာဝန်ခံ သည် ၉-၅-၂၀၂၅ ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင်  ဓနုဖြူမြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် (၁၂)ဆိုင်သို့ သွားရောက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ မြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များ တွင်   ဘိလပ်မြေဝယ်ယူ ရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကိုမေးမြန်းခဲ့ရာ ဆိုင်ရှင်များမှ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ် အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက် ကျန်ရှိကြောင်း၊ မတ်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခု ဧပြီလ က  ငွေကျပ် ၃၀၀၀/-နှုန်း မြင့်တက်လာပြီး ပစ္စည်းများကို ရန်ကုန်မှ မှာယူရောင်းချပြီး ရန်ကုန်ဈေးပေါ်မူတည်၍ ယခုလ မေလတွင် ဘိလပ်မြေ ဈေးနှုန်းများကို သင့်တင်မျှတသော ဈေးဖြင့် ရောင်းချပေးလျှက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(ဧရာဝတီ)