
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း များ ရောင်းချနေမှု နှင့် လက်ကျန် စာရင်း အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ တို့နှင့်အတူ ၉-၅-၂၀၂၅ ရက်နေ့က နံနက် ၀၉:၃၀ အချိန်တွင် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဘိလပ်မြေအရောင်းဆိုင်(၁၁)ဆိုင်အား ကွင်းဆင်း၍ ရောင်းချနေမှူ လက်ကျန်အခြေ အနေများကို မေးမြန်းခဲ့ကြပြီး ကြံ ယခင်ဈေး ၁၉၅၀၀ ကျပ် ၊ ကြံနီ ၁၉၅၀၀ကျပ်၊ အာယ်ဖာ ၁၉၅၀၀ ကျပ်၊ ယနေ့ဈေး ၂၀၀၀၀-၂၂၀၀၀ကျပ် ရောင်းချနေကြောင်း သိရှိရပြီး ရန်ကုန်မှ ပစ္စည်းး မှာယူရန် ခက်ခဲသောကြောင့် ရန်ကုန်ပစ္စည်း မှာယူရရှိပါက သင့်တင့်မျှတသော ဈေးဖြင့်သာရောင်းချသွားမည်ဖြစ်ပြီး ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်အနည်းငယ်သာ ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ဧရာဝတီ)