စားအုန်းဆီလက်လီ၊လက္ကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်းအတိုင်းရောင်းချရန် ဆွေးနွေး

Powered by Drupal

   ၉-၅-၂၀၂၅ရက်နေ့(15:30)နာရီတွင်‌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဒုဦးစီမှုး‌ရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)သည် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် .စားအုန်းဆီလက်လီ၊လက္ကား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်းအတိုင်းရောင်းချရန် ၊ဗွီနိူင်းဆိုင်းဘုတ်များအား‌ေနစဥ်ချိတ်ဆွဲ‌ရောင်းချရန်၊ ဈေးကွက် အတွင်း စားအုန်းဆီပြတ်လပ်မူမဖြစ်စေရေးနှင့် စားသုံးသူများအလွယ်တကူ ဝယ်ယူရရှိရေးတို့ အတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထိုဆွေးနွေးပွဲသို့  ညောင်တုန်းမြို့နယ် စားအုန်းဆီလက်လီ၊လက်ကားလုပ်ငန်းရှင် (၂၅)ဦးတက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင် တစ်ဦးချင်းစီးက သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ထားရှိမှုနှင့် စားအုန်းဆီနေ့စဉ် ရောင်းချမှု မှတ်တမ်းတို့ကို တင်ပြကြပြီး စားသုံးသူပြည်သူများ ဆီဝယ်ယူရ အခက်အခဲမရှိစေရေး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)