Documentaryရိုက်ကူးရေးအစီအစဉ်တွင်သက်ဆိုင်ရာဌာနများပူးပေါင်း၍လိုက်ပါဆောင်ရွက်

Powered by Drupal

     ၂၀၂၅ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နေ့လည် ၁၄း၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေ သကြီး၊ မအူပင်ခရိုင် အတွင်းရှိ နေရာများတွင် Documentary ရိုက်ကူးရေးလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ တက်ရောက်ခဲ့ပါသည်။

      ကွင်းဆင်းရိုက်ကူးရေးဆောင်ရွက်ရာတွင် တိရိစ္ဆာန်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးမွေးမြူရေးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်ခဲ့ကြပြီး’ သတ်မှတ်ရိုက်ကူးရေးပြုလုပ်မည့် နေရာများသို့ ကွင်းဆင်းကာ Documentary လုပ်ငန်းဆောင်ရွက်မှုများကို  လက်တွေ့ရိုက်ကူးရေးလုပ်ဆောင်မှုများအတွက် လိုက်ပါကြီးကြပ် ဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)