ဖျာပုံမြို့အောက်ကွင်းကျေးရွာအခြေခံမူလတန်းလွန်ကျောင်းအမှတ်(၁၀၁)တွင်စားသုံးသူကာကွယ် ရေးအသိညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍   ဇွန်လ(၂၂)ရက်နေ့၊   နံနက်(၁၁:၀၀)နာရီတွင်   ဖျာပုံမြို့အောက်ကွင်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း အမှတ်(၁၀၁) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာ အသိညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား လည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က တားမြစ်သော ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေများအား လည်းကောင်း၊    လက်ထောက်ပညာရေးမှူး ဦးအောင်သူဌေးက လတ်ဆတ်သောအစားအစာများ ရွေးချယ်စားသောက်ရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းစွာထားရှိရေး၊ သက်တမ်းလွန်အစားအစားများ အမှည့်လွန်အသီးများ မစားသောက်ကြရန်တို့ကို လည်းကောင်း ၊ အသီးသီးဟောပြောခဲ့ကြပါသည်။

          ထိုနောက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန်သင့်/မသင့်နှင့် သန့်ရှင်းမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြခဲ့ပါသည်။

          အဆိုပါကျောင်းတွင် ဆရာ/ဆရာမ (၈)ဦး၊ကျောင်းသားကျောင်းသူ(၁၀၀)ဦး၊စုစုပေါင်း(၁၀၈) ဦးတို့အား စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)