
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် ချောက်မြို့မစျေး၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချသောဆန်များ၌ ရောနှော ရောင်းချမှု ရှိ/မရှိနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်းရောင်းချမှုရှိ/မရှိ၊ အလေး ချိန်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ချောက်မြို့မစျေးရှိ စားအုန်းဆီ အရောင်းဆိုင်များနှင့် ဆန်အရောင်းဆိုင်များတွင် ဆန်ရောနှောရောင်းချမှုရှိ/မရှိနှင့် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်း ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့တို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)