ဖျာပုံမြို့အမှတ်(၁၉)ရပ်ကွက် အ-လ-က(၂) ကျောင်း တွင်စားသုံးသူကာကွယ်ရေးအသိညာပေးဟော ပြောခြင်းနှင့်ကျောင်းမုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍   ဇွန်လ(၂၁)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီတွင်    အမှတ်(၁၉)ရပ်ကွက်  အ-လ-က(၂)ကျောင်းရှိ ဆရာ/ဆရာမများနှင့်၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား လည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က တားမြစ်သော ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူနစ် နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေများအား  လည်းကောင်း၊    လက်ထောက်ပညာရေးမှူး ဦးအောင်သူဌေးက လတ်ဆတ်သောအစားအစာများ ရွေးချယ်စားသောက်ရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းစွာထားရှိရေး၊ သက်တမ်းလွန်အစားအစားများ အမှည့်လွန်အသီးများ မစားသောက်ကြရန်တို့ကိုလည်းကောင်း၊အသီးသီးဟောပြောခဲ့ကြပါသည်။

          ထိုနောက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန်သင့်/မသင့်နှင့်သန့်ရှင်းမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြခဲ့ပါသည်။

          အဆိုပါကျောင်းတွင် ဆရာ/ဆရာမ (၁၁)ဦး၊ကျောင်းသားကျောင်းသူ(၂၀၀)ဦး၊စုစုပေါင်း(၂၁၁) ဦးတို့အား စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရပါ သည်။

DOCA(ဧရာဝတီ)