
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇.၅.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ(၁၀)ဦး၊ သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိကြောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့် နှင့်ပြေစာ(သို့မဟုတ်)အထောက်အထား ရယူထားရှိခြင်းမှာအရေးကြီးပါကြောင်း၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးကဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်း အမှတ်အသား(၈)ချက်၊ တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် တိုင်ကြားနိုင်သည့်နေရာများအား အသေးစိတ်ဆွေးနွေး၍ ဝန်ထမ်းများမှသိရှိလိုသည်များအား ဒုတိယခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)