ကလေးခရိုင်၊ ကလေးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၂၄.၆.၂၀၂၂)ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၂-၂၀၂၃ ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

               အဆိုပါအခမ်းအနားသို့ ကလေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းသူ/သင်တန်းသားများအနေဖြင့် ဤသင်တန်းကို တက်ရောက်ပြီးနောက် သင်တန်းမှ သင်ကြားပေးသော နည်းပညာများကို စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်ထုတ်လုပ်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပြီးနောက်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းမှ မိမိတို့ဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့်    လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းအား စိတ်ပါဝင်စားစွာ တက်ရောက်ပေးကြသည့် သင်တန်းသား/သူများအား ကျေးဇူးတင်ကြောင်းနှင့် သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

               ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ စားသုံးသူ ကာကွယ်ပေးရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦးနှင့် သင်တန်းသူ/သင်တန်းသား (၂၀)ဦး စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)