ဟင်္သာတမြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ဈေးကလေးလမ်း၊တာငါးဆယ်မြောက်ရပ်ကွက်ရှိ စားသုံးသူရေး ရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘိလပ်မြေ အရောင်းဆိုင်လုပ်ငန်းရှင်(၁၆)ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေအိတ်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ‌ရောင်းချနိုင်ရေး၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ဆက်လက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မြို့နယ်တာဝန်ခံမှ လက်ရှိ စစ်ဆေးဆောင်ရွက် ခဲ့သည့်အခြေအနေများအား ရှင်းလင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး  ဦးမောင်မောင် မြတ်ခိုင်မှ လုပ်ငန်းရှင်များ ဝန်ခံကတိလက်မှတ်ရေးထိုးရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရခြင်းအကြောင်း၊ လုပ်ငန်း ရှင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ ဝန်ခံကတိ လက်မှတ် ရေးထိုးကာ နေ့လည် (၁၅:၃၀)အချိန်တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)