
၂၀၂၅ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် တွေ့ဆုံဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျှော်မှန်း ချက်၊ ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုအိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရခြင်းမှာ ဈေးကွက်အတွင်းရောင်းးချလျက်ရှိသော ဘိလပ်မြေဈေးနှုန်း များ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ထုတ် လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှကာကွယ်ရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုများနှင့် စပ်လျဉ်း၍ အရည်အသွေး၊ အဆင့်အတန်း မပြည့်မီခြင်းမှ ကာကွယ်နိုင်ရန်အတွက် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ စောင့်ထိန်း ရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)