ကြံခင်းမြို့နယ်အတွင်းရှိကြက်ဥ/ဘဲဥအရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာ များနှင့် ပူးပေါင်း၍(၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် မြို့မဈေးအတွင်းရှိ ကြက်ဥ၊ဘဲဥ လက်လီ/လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း ရောင်းချနေသော ကြက်ဥ၊ဘဲဥများ ကို ဒေသတွင်းခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး ယခုအချိန်တွင် အပူချိန်မြင့်မားခြင်းကြောင့် ဥ ဥနှုန်းကျဆင်းလာသည့်အတွက် ပြည်မြို့၊ ဥသျှစ်ပင်မြို့များမှ မှာယူရောင်းချကြပြီး၊ ကုန်‌ရောက် ငွေချေ စနစ်ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး သယ်ယူခနှုန်းထားများကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသော်လည်း  အရောင်းဆိုင်များအနေဖြင့် တစ်လုံးလျှင် ၂၀ ကျပ် ခန့် သာ အမြတ်တင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)