
(၁၀.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၀0)နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဗိုလ်မှူးသိန်းဇော်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် စိုင်းမင်းကျော်၊ မြို့နယ်စည်ပင်လ/ထအုပ်ချုပ်ရေးမှူး ဉီးကိုကိုအောင်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူး ဒေါ်နီလာဉီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုမီးသတ်ဉီးစီးမှူး ဉီးသက်ပိုင်စိုး၊ မြန်မာနိုင်ငံစားအုန်းဆီလုပ်ငန်းရှင်များအသင်းမှ ဉီးဇော်ကိုကိုပါ(၃)ဉီးတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၉)ရပ်ကွက်ရှိ စားအုန်းဆီဆိုင်(၃)ဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ စားအုန်းဆီဆိုင် (၃)ဆိုင်တို့တွင် စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သား နှုန်းဖြင့် တစ်လလျှင် (၄)ကြိမ်ပေးပါ ကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် (၂%)သာ ထပ်ဆောင်းရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)