လျှပ်စစ်ကာဂိုဗန်ကားသစ်ကိုတရားဝင်မိတ်ဆက်ခဲ့သည့် VinFast

Powered by Drupal

          ဗီယက်နမ်ကားထုတ်လုပ်သူဖြစ်သည့် VinFast သည် ၎င်းတို့၏ လျှပ်စစ်ကာဂိုဗန် (EC Van) ကားသစ်ကို မေလ ၁၃ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပြီး ခရီးတိုကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးတွင် အစိမ်းရောင်အသွင်ကူးပြောင်းမှုသို့ ခြေလှမ်းတစ်ရပ်စတင်ခဲ့ကြောင်း သိရပါ သည်။ လူနှစ်ဦးစာထိုင်ခုံပါဝင်သည့် ထိုကားသည် အလေးချိန် ၆၀၀ ကီလိုဂရမ်ကျော်ထိ သယ်ဆောင်နိုင်ကြောင်း သိရပါသည်။ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၉၈၀ တန်ဖိုးရှိသည့် ထိုကားကို ယခုနှစ်နိုဝင်ဘာလတွင် စတင်ဖြန့်ဖြူးရန်မျှော်လင့်ရကြောင်း သိရပါသည်။ ထိုဗန်ကားသည် အစိမ်းရောင်ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် VinFast ၏ ကျယ်ပြန့်သောမဟာဗျူဟာ ခြေလှမ်းသစ်တစ်ရပ်အဖြစ်ကိုယ်စားပြုကြောင်း သိရပါသည်။ ထို့ပြင် ထိုကားသည် အစိမ်းရောင်ဝန်ဆောင်မှုမော်တော်ယာဉ်များနှင့် အများပြည်သူသယ်ယူပို့ ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားများ နောက်တွင်ထပ်မံထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး များစွာသောဈေးကွက်ကဏ္ဍတစ်လျှောက် ကုမ္ပဏီ၏ တိုးချဲ့နိုင်မှုကို ပြသနေကြောင်း သိရ ပါသည်။

 

DOCA (ရန်ကုန်)