
ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူဖြစ်သည့် VinFast သည် ဖိလစ်ပိုင်လုပ်ငန်း ၄ ခုနှင့် အဓိကမိတ်ဖက်ပြုလုပ်၍ ဆားဗစ်စင်တာ ၁၀၀ ကျော်ကို ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း ၂၀၂၅ ခုနှစ်တွင် တည်ထောင်မည်ဟု မေလ ၁၃ ရက်နေ့က ကြေညာခဲ့ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုအသစ် တွင် Goodyear Philippines၊ Tire King and Rubber Products၊ Power Tread Services နှင့် Marcjan Cavite တို့ပါဝင်ကြောင်း သိရပါသည်။ လတ်တလောလက်မှတ်ရေးထိုးခဲ့သည့် နားလည် မှုသဝဏ်လွှာများအရ ထိုမိတ်ဖက်များသည် VinFast ၏ တရားဝင်ဆားဗစ်စင်တာများဖြစ်လာ မည်ဖြစ်ပြီး ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် ဝယ်ယူသူဝန်ဆောင်မှုတို့ ဆောင်ရွက်မည်ဟု သိရပါ သည်။ ထိုဆားဗစ်စင်တာများသည် ဝန်ဆောင်မှုများ၊ ပစ္စည်းများနှင့် နည်းပညာအရည်အချင်း တင်းကျပ်သည့်စံနှုန်းများရှိရမည်ဟု သိရပါသည်။ VinFast သည်လည်း ၎င်း၏မိတ်ဖက်များအား လုပ်သားလေ့ကျင့်ခြင်းနှင့် နည်းပညာဆွေးနွေးခြင်းတို့ပါဝင်သော ဘက်ပေါင်းစုံပံ့ပိုးသွားမည်ဟု သိရပါသည်။ ထိုသဘောတူညီချက်များသည် နိုင်ငံတွင်း ၎င်းတို့၏ EV ဂေဟစနစ်လျှင်မြန်စွာ တိုးချဲ့ရန်နှင့် ဝယ်ယူသူများအတွက် ရောင်းချပြီးနောက်ဝန်ဆောင်မှုများမြှင့်တင်ရန် VinFast ၏ မဟာဗျူဟာကို အားဖြည့်ပေးခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်ဈေးကွက်သို့ဝင်ရောက်ပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် VinFast သည် စမတ် EV မော်ဒယ်များ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရောင်းချမှုမူဝါဒများနှင့် ကြီးထွားလာသော ရောင်းချပြီးနောက်ဝန်ဆောင်မှုများနှင့်အတူ ၎င်းတို့၏ တည်ရှိမှုကို တည်ငြိမ်စွာ တိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်တွင် အောင်မြင်မှုကို သက်သေပြပြီးဖြစ်သော VinFast သည် အရှေ့တောင်အာရှတွင် အားသွင်းရုံအခြေခံအဆောက် အအုံနှင့် ဆားဗစ်စင်တာများတည်ထောင်ခြင်းနှင့်အတူ ‘For a Green Future’ ဂေဟစနစ် တည်ထောင်ရန်ရည်ရွယ်လျှက်ရှိပြီး ယခုအခါ ဖိလစ်ပိုင်ကဲ့သို့သော အာမခံချက်ရှိသောဈေးကွက် များတွင် အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရပါသည်။
DOCA (ရန်ကုန်)