ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်(စံပြ)ရွာ အောင်ပညာမြင့် ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံရုံးမှ ဦးဇော်လင်းအောင်(ဒု-ဦးစီးမှူး)သည် (၂၇.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် ယိုးတရုတ်(စံပြ)ကျေးရွာရှိ အောင်ပညာမြင့် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပုဏ္ဏားမြို့နယ်တာဝန်ခံ ရုံးမှ ဦးဇော်လင်းအောင်(ဒု-ဦးစီးမှူး)က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် မတ်လ (၁၅)ရက်နေ့မှစတင်၍ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ဖြစ်စေ ဖော်ပြပါရှိမှသာလျှင် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချ ရမည်ဖြစ်ကြောင်း ကျန်မာရေး၊ ပညာရေးဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်းကောင်း၊ အစားအသောက်နှင့်ပတ်သက်၍လည်းကောင်း နစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC)ရုံး ဖွင့်လှစ်ထားရှိရာသို့ လာရောက်တိုင်ကြားနိုင်သလို w.w.w doca gov.mm မှလည်းကောင်း၊ Doca Myanmar မိုဘိုင်းဖုန်း အက်ပလီကေရှင်းမှလည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရခိုင်)