မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Powered by Drupal

          မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၂၈ ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်က မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

          မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ ဦးနိုင်လယိတမက အဖွင့် အမှာစကား ပြောကြားကြောင်း၊ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမ(၃)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ကုန်အညွှန်းအမှတ်အသားများဆောင်ရွက်နိုင်မှု၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ချက်များအား Power Point  ဖြင့် ကော်မတီအဖွဲ့ဝင်များသို့ တင်ပြခဲ့ပါသည်။

          အဆိုပါတင်ပြချက်များအား မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ အတည် ပြုရန်အချက်များ၊ အကြံပြုချက်များ၊ ဆုံးဖြတ်ရန်အချက်အလက်တို့ကို ကော်မတီအဖွဲ့ဝင် အသီးသီးမှ ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြံပြုခြင်းနှင့် ဆုံးဖြတ်ရန်အချက်တို့အား ယခုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ရှေ့ဆက်လက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများတွင် ကော်မတီအဖွဲ့ဝင်အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို နေ့လည်(၃:၂၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)