ကျွန်းလှမြို့ “စမိုင်းလ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ‌ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချင်များဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ် ကွက်ရှိ“စမိုင်းလ်”ကိတ်နှင့် မုန့်မျိုးစုံ လုပ်ငန်းသို့  ၂၀၂၅ ခုနှစ် ၊ မေလ(၁၃)ရက်နေ့၊ နံနက်(၁၁း၀၀) အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ခေတ္တ ဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းလှမြို့ မရဲစခန်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံတို့ ပူးပေါင်းအဖွဲ့ဖြင့်  သွားရောက်ကွင်းဆင်း၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။     

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေ တို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင် ကုန်အညွှန်း အမှတ်အသား လျှောက်ထားသည့်  ကိတ်စို နှင့် ပေါင်မုန့် ထုတ်များပေါ်တွင် ကုန်အညွှန်း အမှတ် အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ် ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံး သူအခွင့် အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များဖြင့်ဝေ ပေးခဲ့ကြောင်း သတင်း ရရှိပါ သည်။

DOCA(စစ်ကိုင်း)