
စားသုံးသူရေးရာဦးစီးဌာန ၊ ကြံခင်းမြို့နယ်တာဝန်ခံမှ (၉.၅.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၁:၃၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ကြံခင်းမြို့မဈေးအတွင်းရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများမရှိကြောင်း စိစစ် တွေ့ရှိရပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ ကြံခင်းမြို့မဈေးအတွင်းရှိ အခြေခံစား သောက်ကုန်အရောင်းဆိုင်(၅)ဆိုင်အားကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)