
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီ အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်အတွင်းရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင်ဇလွန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်အိမ်သုံးဆေးဝါးများပြတ်လပ် မှုမရှိကြောင်း၊ ဆေးဝါးဈေးနှုန်းမှာလည်းယခင်လဈေးနှုန်းအတိုင်းတည်ငြိမ်လျက်ရှိပြီး ဝယ်ယူသူများ အား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စပ်ဆေးအသုံးပြုမှု လျော့ပါးစေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသောအရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိ သောတရားမဝင်ဆေးဝါးများရောင်းချခြင်း မပြုရန်အသိပညာပေး ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)