
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သင်းသင်းအေး(ဒု-ဦးစီးမှူး)သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ၁၃-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ Pauk Pauk Snack & Noddles Wholesale စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်တွင် စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)