
၁၂.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာမှ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်နေ့ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်ရက်လျှင် မြေပဲတင်း (၂၀) ကြိတ်လျှင် မြေပဲဆီ (၁၅) ပုံးရရှိကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် မြေပဲဆီ ၂၁၀၀၀ ကျပ်၊ ယခုလက်ရှိတွင် မြေပဲကို မြေပဲဆံတစ်ပိဿာလျှင် ၈၃၀၀ ကျပ်ဖြင့် ဘီးလင်းမြို့နယ်မှ ဝယ်ယူရရှိကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်းသာ ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)