
(၇.၅.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်း များသည် မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ဓနစိန်တောင်အမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းခွင်သို့ ကွင်းဆင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနစိန်တောင်အမှတ်တံဆိပ်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသည် တစ်ရက်လျှင် ကုန်ကြမ်း(ဂျုံ-၄၀kgပါ အိတ်) (၅)အိတ် အသုံးပြုရကြောင်း၊ သကြားတစ်အိတ် (၃၅)ပိဿာပါ အိတ်(၁)အိတ်ခွဲ၊ ကြက်ဥအလုံး (၉၀၀)လုံးနှင့် ဆီပိဿာချိန်(၄၀)ပိဿာကုန်ကျပါကြောင်း၊ လုပ်သားကျား(၈) ယောက်၊မိန်းကလေး(၁၀)ယောက်နေ့စဉ်အသုံးပြုပြီး ကျားလုပ်သားခ(၁၀၀၀၀)ကျပ်နှင့် မိန်းကလေး လုပ်သားခ(၈၀၀၀)ကျပ် ပေးရပါကြောင်း၊ မုန့်အမျိုးအစား(၁၅) မျိုးခန့်ထုတ်လုပ်ပြီး ဖြန့်ဖြူးမှုအနေ ဖြင့် နွားထိုးကြီးမြို့၊ တောင်သာမြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့နှင့် ဒေသတွင်း ဖြန့်ဖြူးပါကြောင်း သိရသည်။ ခရိုင်ဦးစီး မှူးမှ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက် ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရ မည်ဖြစ်ပါ ကြောင်း၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)